မတ္တရာမြို့နယ်၊ ဆင်ရွာကြီး ကျေးရွာနှင့် မြစ်ကမ်းကျေးရွာအနီးတို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၇-၉-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း ဆောင်ရွက်လျှက်ရှိရာ မတ္တရာမြို့နယ်၊ ဆင်ရွာကြီး ကျေးရွာနှင့် မြစ်ကမ်းကျေးရွာအနီးဝန်းကျင်နေရာများမှ တရားမဝင်အင်သစ်(၄၉)လုံး (၁၁.၆၂၆၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, October 2, 2019 - 10:30