နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ တရားမဝင် ကျွန်း၊ သစ်မာ၊ အခြားသစ်များ ဖမ်းဆီးရမိခြင်း

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၅၅.၆၄၉၅)တန်၊ သစ်မာ(၆၄.၈၂၈၉)တန်၊ အခြား (၂၆၃.၅၃၂၆)တန်၊ စုစုပေါင်း(၃၈၄.၀၁၁၀)တန်၊ တရားခံ(၃၃)ဦး၊ ယာဉ်/ယန္တရား(၂၂)စီး ဖမ်းဆီးရမိခဲ့ ပါသည်။ ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၂၅-၉-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ကိုင်းကြီး(၁)ဘိနယ်၊ ကိုင်းကြီးကြိုးဝိုင်း အကွက်(၁၀)၊ နန့်ကသာချောင်းဘေး၊ အရပ်အခေါ် ၆တန်ကူးဒေသမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/အင်သစ်လုံး (၈၈)လုံး၊ (၂၇.၉၈၂၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

date: 
Wednesday, October 2, 2019 - 13:30