မုံရွာမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်း ပေးပို့ချက်အရ ၂၇-၉-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မုံရွာမြို့နယ်၊ နတ်ကြီးကျွန်းကျေးရွာနှင့် ကျောင်းစုကျေးရွာအနီးဝန်းကျင်၊ ချင်းတွင်းမြစ်အတွင်းမှ တရားမဝင် အင်/ကျွန်း/ကျွန်းပကာ/လုံးပတ် ၃ပေအောက်ကျွန်း သစ်/ခွဲသား/ခွဲခြမ်း (၁၃၀)လုံး/ချောင်း/ခြမ်း (၂၈.၉၄၃၀)တန်၊ အင်ဂျင် (၂)လုံး ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, October 4, 2019 - 13:15