မုံရွာမြို့နယ်၊ မုံရွာ-ရေဦးလမ်းနှင့် မုံရွာ-ယာကြီးလမ်းဆုံ မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၈-၁၀-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မူးယစ်တပ်ဖွဲ့စု(၈)အဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သောပူပေါင်းအဖွဲ့သည် မုံရွာမြို့နယ်၊ မုံရွာ-ရေဦးလမ်း နှင့် မုံရွာ-ယာကြီး လမ်းဆုံ၊ မုံရွာမြို့အဝင်၊ တရားမဝင် ကုန်သွယ်မှုတားဆီးနှိမ်နင်းရေးအဖွဲ့ စုံစမ်းစစ်ဆေးရေးဂိတ်နေရာ၌ မော်တော်ယာဉ်အမှတ် (MDY 4M/6338) MITSUBISHI CANTER ခေါင်းနက်ပြာ (၆)ဘီး ယာဉ်ပေါ်မှ တရားမဝင် ကျွန်း/အင်ကြင်း(၂၂၇)မှန်လည်/ကျည်းဘောင်/ကျည်းဘောင်ခွေ (၃.၃၁၂၈)တန်အား တရားခံ(၁)ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, October 16, 2019 - 14:15