ကျွန်းလှမြို့နယ်၊ မကျည်းအင်းကျေးရွာအနီးတွင် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ်များဖမ်းဆီးရမိ

၁၄-၁၀-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်း များ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးပါဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ (စ.စ.စ) ကန့်ဘလူမြို့နယ်မှ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ မကျည်းအင်းကျေးရွာ၏ မြောက်ဘက်(၁)ဖာလုံခန့်အကွာနေရာမှ မော်တော်ယာဉ် အမှတ်(YGN 4F/9998) Canter (ဖြူပြာကြား)(၆)ဘီးယာဉ်ပေါ်မှ တရားမဝင်တမလန်းဓါးရွေ(၂၃)ချောင်း (၄.၄၃၈၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, October 17, 2019 - 15:30