သဘာဝထိန်းသိမ်းရေးနယ်မြေ (၉) ခု၏ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအတွက် ငှက်စာရင်းကောက် ယူခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု ကောက်နှုတ်တင်ပြချက်

သဘာဝထိန်းသိမ်းရေးနယ်မြေများ၏ ဥယျာဉ်/ဘေးမဲ့တောအလိုက် ဇီဝမျိုးစုံမျိုးကွဲထိန်း သိမ်းရေးလုပ်ငန်းအနေဖြင့် ငှက်မျိုးစိတ်စာရင်းကောက်ယူခြင်းလုပ်ငန်းကို လစဉ်ဆောင်ရွက် လျက်ရှိရာ သဘာဝထိန်းသိမ်းရေးနယ်မြေ (၉) ခု၏ ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း ငှက်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ ဉီးသန့်ဇင် (တောအုပ်)ဉီးဆောင်၍ ဘေးမဲ့ တောမှဝန်ထမ်း (၅) ဉီးသည် ငှက်မျိုးစိတ်စာရင်းကောက်ယူခြင်းလုပ်ငန်း ကို ဆောင်ရွက်ခဲ့ရာ ဌာနေငှက် (၆၆) မျိုး၊ ဆောင်းခိုငှက် (၃၂) မျိုး ၊ စုစုပေါင်းငှက် မျိုးစိတ် (၉၈) မျိုး၊ ငှက်ကောင်ရေ (၃၅၂၆) ကောင် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

date: 
Friday, October 25, 2019 - 11:45