ကလေးဝမြို့နယ်၊ ရွှေကျင်ကြိုးဝိုင်းအတွင်း တာယာဘီးတပ်လှည်း(၂)စီးနှင့်အတူ တရားမဝင်ကျွန်းသစ်များ ဖမ်းဆီးရမိ

၂၅-၁၀-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ရွှေကျင်ကြိုးဝိုင်းအတွင်း တာယာဘီးတပ်လှည်း(၂)စီးပေါ်မှ တရားမဝင်ကျွန်းသစ်(၇)လုံး (၅.၁၅၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, October 29, 2019 - 14:30