ပဲခူးမြို့နယ်၊ ဒိုက်ဦး-ညောင်ခါးရှည်ကားလမ်းနှင့် ရန်ကုန်-မော်လမြိုင်ကားလမ်းဆုံ မော်တော်ယာဉ် (၁)စီးနှင့်တရားမဝင်သစ်များဖမ်းဆီးရမိ

၂၉-၁၀-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောသစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ဒိုက်ဦး-ညောင်ခါးရှည်ကားလမ်းနှင့် ရန်ကုန်-မော်လမြိုင်ကားလမ်းဆုံမှ မော်တော်ယာဉ်အမှတ် (YGN-7G/5862)Faw ကား(၆)ဘီး အဖြူရောင် ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၄၀)ချောင်း (၅.၀၄၂၄)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, October 31, 2019 - 10:30