ဘိုကလေးမြို့နယ်၊ ကပ္ပနန်းကျေးရွာအုပ်စု၊ ကပ္ပနန်းကျေးရွာအနီး ဘိုကလေးမြစ်အတွင်း ပဲ့ထောင်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၆-၁၀-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဘိုကလေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘိုကလေးမြို့နယ်၊ ကပ္ပနန်းကျေးရွာအုပ်စု၊ ကပ္ပနန်းကျေးရွာအနီး ဘိုကလေးမြစ်အတွင်း ပန်းတနော်ချွန်းပဲ့ထောင် (၁)စီးပေါ်မှ တရားမဝင်ကျွန်း/ပိတောက်ခွဲသား (၁၇၀၅)ချောင်း(၂၄.၁၂၅၂)တန်အား တရားခံ(၄)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, October 31, 2019 - 10:45