ဝန်းသိုမြို့နယ်၊ တပ်လွင်ကြိုးဝိုင်းအတွင်းနှင့် နမ်းခမ်းအပတောအတွင်းတို့မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၆-၁၂-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ဝန်းသိုမြို့နယ်၊ တပ်လွင်ကြိုးဝိုင်းအကွက်အမှတ်(၄)အတွင်းနှင့် နမ်းခမ်းအပတောအတွင်းနေရာတို့မှ တရားမဝင်ချန်ချိုင်း(၂၅)ကောင်အင်ဂျင်(၂)လုံးနှင့် သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင် ကျွန်းသစ်/ခွဲသား (၉၂)လုံး/ချောင်း (၁၁.၆၈၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, December 10, 2019 - 14:30