သထုံမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၀-၁-၂၀၂၀ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့သည် သထုံမြို့နယ်၊ ကြာပန်းကျေးရွာ၊ ရွှေသံလွင်တိုးဂိတ်အနီး၊ စစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်အမှတ် (MDY 7P/7192) BONGO III(KIA) ယာဉ်ပေါ်မှ တရားမဝင် ကျွန်းပါကေး(၂၀၁၆)ချောင်း(၂.၄၅၇၀)တန် တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, January 23, 2020 - 12:15