ရေကြည်မြို့နယ်အတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၁-၁-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ လ/ထညွှန်ကြားရေးမှူးဦးဆောင်သောသစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သော အဖွဲ့သည် ပုသိမ်မြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းဘေးမိုင်တိုင်အမှတ်(၂၀/၀)မှ(၂၀/၁)ကြား၊ သရက်တောဘုန်းကြီး ကျောင်းရှေ့ တရားမဝင် တောင်သရက်ခွဲသား(၅၀)ချောင်း(၈.၃၀၆၆)တန် တရားခံ(၃)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, January 23, 2020 - 12:15