အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံ ရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်

၃-၂-၂၀၂၀ ရက်နေ့၊ နံနက်(၉:၃၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံ ရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစီအစဉ်အရ ဦးစံမင်းရွှေ(တောအုပ်ကြီး)၊ စီမံကိန်းနှင့်စာရင်းအင်းဌာနက ဂျပန်နိုင်ငံတွင် (GIS-Remote Sensing, Information System and Community Participation for Biodiversity)သင်တန်းတက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်း ဆွေးနွေးခြင်း၊ ဒေါ်မြတ်ဆုမွန်(တောအုပ်ကြီး)၊ သဘာဝဝန်းကျင် နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက ဖိလစ်ပိုင်နိုင်ငံ တွင် (The Regional Workshop on OECMs to Accelerate Progress on Aichi Target 11 Implementation in the East and Southeast Asia Region) တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်း၊ ဒေါ်ကြည်ကြည်ခိုင် (သုတေသန လက်ထောက်-၂)၊ သစ်တောသုတေသနဌာနက မလေးရှားနိုင်ငံတွင်( Regional Workshop on Domestication of Endangered, Endemic and Threatened Species in Disturbed Terrestrial Ecosystems) တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ဦးတင်နိုင်စိုး(ဦးစီးအရာရှိ)၊ သဘာဝတော နှင့်စိုက်ခင်းလုပ်ငန်းဌာနက ကမ္ဘောဒီးယားနိုင်ငံ တွင်(Thematic Consultation on Area-based Conservation Measures for the Post-2020 Global Biodiversity Framework) တက်ရောက်ခဲ့ သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်း ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက် လာသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

date: 
Monday, February 3, 2020 - 14:30