ထီးချိုုင့်မြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး နှင့် ထီးချိုုင့်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ထီးချိုင့်မြို့နယ်၊ ပြင်တဲကြိုးဝိုင်း အကွက်အမှတ် (၆၈၊၆၉)နေရာတို့မှ တရားမဝင် ထောက်ကြံ့/အင်ကြင်း/ကျွန်း/ဘင်္ဂ/ယမနေသစ် (၃၆)လုံး (၁၀.၂၄၈၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, February 4, 2020 - 13:45