မံစီမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃၁-၁-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ ရှေ့တန်း ခလရ(၄၇)တပ်ရင်းမှ ဗိုလ်အောင်ကိုလတ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မံစီမြို့နယ်၊ ဟန်ထက်-ဗန်းမော်ကားလမ်းမပေါ် မော်တော်ယာဉ်အမှတ်- (YGN-5B/4652) Nissan UD (၁၀)ဘီးအဖြူရောင် ယာဉ်ပေါ်မှ တရားမဝင် ကညင်ခွဲသား (၁၈၃)ချောင်း (၉.၀၅၀၄)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, February 4, 2020 - 13:45