မင်းကင်းမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ သစ်တောဦးစီး ဌာနမှ ဦးစီးအရာရှိနှင့် မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိတို့ဦးဆောင်သော သစ်တော ဝန်ထမ်းများအဖွဲ့သည် မင်းကင်းမြို့နယ်၊ မြောင်းဇင်းကျေးရွာအရှေ့မြောက်ဘက် (၁)မိုင်ခန့် အကွာမှ တရားမဝင် အင်သစ်/လုံးပတ်(၃)ပေအောက်အင်သစ် (၆၀)လုံး (၁၆.၀၅၄၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, February 4, 2020 - 13:45