နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၃၇၈.၁၀၅၂)တန်၊ သစ်မာ(၂၂၂.၆၀၁၇)တန်၊ အခြား (၃၃၄.၉၉၆၉)တန်၊ စုစုပေါင်း(၉၃၅.၇၀၃၈)တန်၊ တရားခံ(၁၀၅)ဦး၊ ယာဉ်/ယန္တရား(၆၀)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၂၉-၁-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်မြို့နယ်၊ ခပေါင်းကြိုးဝိုင်းအကွက်အမှတ်(၅၂၊ ၅၃၊ ၅၆)တို့မှ တရားမဝင် ကျွန်း သစ်လုံး/ခွဲသား/ခွဲခြမ်း (၂၈၀)လုံး/ချောင်း/ခြမ်း (၄၃.၀၈၀၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိမှုဖြစ်ပါသည်-

date: 
Wednesday, February 5, 2020 - 13:30