ကျွန်းလှမြို့နယ်၊ နန်းဘရန်းကြိုးဝိုင်းအတွင်း တရားမဝင်သစ်စက်(၁)လုံးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ နန်းဘရန်းကြိုးဝိုင်းအကွက် အမှတ်၊ (၇၄၊ ၉၂၊ ၉၄)အတွင်း ဝူလင်း(၂၂)ကောင်အင်ဂျင်(၁)လုံးပါ သစ်စက်ဆက်ပစ္စည်းများနှင့်အတူ တရားမဝင်ကျွန်း/ပျဉ်းကတိုး/အင်ကြင်းသစ်/ခွဲသား (၅၀၁)လုံး/ချောင်း (၂၉.၄၂၈၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, February 6, 2020 - 11:00