ခင်ဦးမြို့နယ်၊ ရုံးပင်ကျေးရွာ တောင်ဘက်(၅)ဖာလုံခန့်အကွာတွင် တရားမဝင် သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၃-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ခင်ဦးမြို့နယ်၊ ရုံးပင် ကျေးရွာတောင်ဘက်(၅)ဖာလုံခန့်အကွာတွင် တရားမဝင် ကျွန်းသစ်/ လုံးပတ်(၃)ပေ အောက် ကျွန်းသစ်/ ပျဉ်းကတိုးသစ်(၆၁)လုံး (၈.၉၆၄၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံ များအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ပါသည်။

date: 
Thursday, February 6, 2020 - 11:15