“စီမံကိန်း အဆိုပြုလွှာ ရေးသားခြင်းနှင့် စီမံကိန်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သင်တန်း” AFoCO Regular Training Course on Project Development and Project Proposal Writing)သင်တန်းဖွင့်လှစ်ကျင်းပ

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၇ ရက်နေ့ အထိ မှော်ဘီမြို့၊ အာရှဒေသအဆင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC)၌ “စီမံကိန်း အဆိုပြုလွှာ ရေးသားခြင်းနှင့် စီမံကိန်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သင်တန်း” AFoCO Regular Training Course on Project Development and Project Proposal Writing)ကို ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မွန်ဂိုလီးယား၊ မြန်မာ၊ ထိုင်း၊ တီမောလက်စ်တေနှင့် ဗီယက်နမ်နိုင်ငံများမှ သင်တန်းသား/သင်တန်းသူ (၂၀)ဦး၊ သင်တန်း ဆရာများအဖြစ် AFoCO Secretariat မှ Dr. Bae Kikang၊ Mr. Orlando Panganiban စုစုပေါင်း (၂၂)ဦးဖြင့် ဖွင့်လှစ် ကျင်းပလျက်ရှိပါသည်။သင်တန်းကို (က) AFoCO နှင့် အခြားသော ရန်ပုံငွေအလှူရှင်များ၏ စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ခြင်းဆိုင်ရာ လုပ်ငန်းများအား အဆင့်တစ်ဆင့်ချင်းစီအလိုက် လေ့လာနိုင်ရန်၊ (ခ) စီမံကိန်းလက်ဆွဲအရ ဆောင်ရွက်ရမည့် အကြောင်းအရာများနှင့် AFoCO ၏ မဟာဗျူဟာကျသော ဦးစားပေး နယ်ပယ်များအား ထည့်သွင်းစဉ်းစားကာ စီမံကိန်းအဆိုပြုလွှာ ရေးသားခြင်းဆိုင်ရာ စွမ်းရည်ကို မြှင့်တင်နိုင်ရန် (ဂ) ဒေသတွင်းနှင့် နိုင်ငံတစ်ခုချင်းစီအလိုက် AFoCO မှ ဆောင်ရွက်နိုင်မည့် စီမံကိန်းများအား လေ့လာဖော်ထုတ်နိုင်ရန် တို့ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ သင်တန်းဖွင့်ပွဲကို ၃-၂-၂၀၂၀ ရက်နေ့နံနက် (၉: ၀၀)နာရီတွင် သင်တန်းကျောင်း၌ ကျင်းပခဲ့ပြီး သစ်တောဦးစီးဌာနမှ ဦးကျော်ကျော်လွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံကိန်းနှင့်မူဝါဒ) တက်ရောက်ခဲ့ပြီး သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

date: 
Thursday, February 6, 2020 - 13:45