စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၄-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဗန်းမောက်မြို့နယ်၊ နောင်ကန်ရွာမြောက်ဘက်(၁)မိုင်၊ ဗန်းမောက်- အင်းတော်သွားကားလမ်း၊ ဘိုင်ဘင်ကွေ့အနီး၊ ခေါင်းကိုက်ရွာအရှေ့မြောက်ဘက်(၁)မိုင်၊ ခေါင်းတုံးကျေးရွာအရှေ့ဘက်(၁)မိုင်ခွဲ၊ အင်းပေါက်ကျေးရွာအရှေ့ဘက်(၂)မိုင်၊ မံဟော်ကြိုးဝိုင်း(၉၁၊ ၉၄)နေရာတို့မှ တရားမဝင် ကျွန်းသစ်/တမလန်း ဓါးရွေ(၇၆)လုံး/ချောင်း (၂၃.၃၄၃၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, February 7, 2020 - 14:00