ရေကြည်မြို့နယ်၊ ပုသိမ်- မုံရွာကားလမ်းဘေးတွင် ယာဉ်(၁)စီးနှင့် တရားမဝင် သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ၃-၂-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်း အဖွဲ့သည် ရေကြည်မြို့နယ်၊ ပန်းပုကွင်းကျေးရွာအုပ်စု၊ ပုသိမ်- မုံရွာကားလမ်းဘေး မိုင်တိုင်အမှတ် (၃၅/၆)နှင့် (၃၅/၇)ကြားနေရာတွင် ယာဉ်အမှတ်၊ 6J/6356 (FUSO၊ ၁၂ ဘီး၊ အစိမ်းရောင်)ယာဉ်ပေါ်မှ တရားမဝင် တောင်သရက်ခွဲသား(၄၆)ချောင်း (၈.၉၉၆၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, February 7, 2020 - 14:00