ကသာမြို့နယ်၊ ညောင်ပင်သာကျေးရွာအနီးတွင် စက်လှေ(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၅-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကသာမြို့နယ်၊ ညောင်ပင်သာကျေးရွာအနီး၊ ကူတို့ရေဆိပ်ဟောင်း၊ ဧရာဝတီမြစ်အတွင်း စက်လှေ(၁)စီးနှင့်အတူ တရားမဝင်ကျွန်းသစ်(၅၅)လုံး (၅.၅၇၆)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Friday, February 7, 2020 - 14:30