ပခုက္ကူမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေး ပို့ချက်အရ ၅-၂-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဝင်း-၂ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ စက်မှုဇုန် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပခုက္ကူမြို့နယ်၊ စက်မှုဇုန်(၆)လမ်းနှင့်(၇)လမ်းကြား၊ မီးရထားသံလမ်းအရှေ့ဘက် မော်တော်ယာဉ်အမှတ် NPW (5M/7919) ယာဉ်(၁)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၁၃၃)ချောင်း (၁၄.၀၄၀၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Friday, February 7, 2020 - 14:45