ပင်လည်ဘူးမြို့နယ်၊ မံကော်-၂ကြိုးပြင်ကာကွယ်တောအတွင်း တရားမဝင်သစ်စက်နှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၅-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ပင်လည်ဘူးမြို့နယ်၊ မံကော်-၂ကြိုးပြင်ကာကွယ်တောအတွင်း ဝူလင်း(၂၅)ကောင် အင်ဂျင်နှင့် ဂျင်ဒေါင်း(၂၅)ကောင်အင်ဂျင်ပါ တရားမဝင်သစ်စက်နှင့် ဆက်ပစ္စည်းများနှင့်အတူ တရားမဝင်ကျွန်း/အင်ကြင်း/အင်သစ်(၃၆)လုံး (၁၀.၄၃၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်

date: 
Friday, February 7, 2020 - 14:45