မဘိမ်းမြို့နယ်၊ နမ့်ပါကြိုးဝိုင်းအတွင်း တရားမဝင်သစ်စက်နှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၅-၂-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် မဘိမ်းမြို့နယ်၊ နမ့်ပါကြိုးဝိုင်းအတွင်း JIAN MEN (၂၂)ကောင်အင်ဂျင် (၁)လုံးပါ သစ်စက်ဆက်ပစ္စည်းများနှင့်အတူ တရားမဝင် ကျွန်းသစ်/ခွဲသား (၂၇၀)လုံး/ချောင်း (၆.၄၅၂၄)တန် အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, February 7, 2020 - 14:45