အင်းတော်မြို့နယ်အတွင်း တရားမဝင်သစ်က်နှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၅-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်းတော်မြို့နယ်၊ ကြိမ်ချောင်းကျေးရွာ၊ မိုးပင်ချောင်းထိပ်၊ ရွှေပြန်ချောက်အနီး၊ ဂဟဲကြိုးဝိုင်းအကွက်အမှတ်(၃၄)၊ တပ်လွင်ကြိုးဝိုင်းအကွက်အမှတ်(၃၅)၊ ချောင်တာရှည်အဝ၊ ကျောက်ဆင်ရွာအနီး၊ မံမော်ကြိုးဝိုင်းအကွက်အမှတ်(၈၅၊ ၈၇)နေရာတို့၌ တရားမဝင်ကျွန်း/သတီ/အင်ကြင်းသစ်(၁၁၆)လုံး(၂၉.၇၉၂)တန်အား AMEC (၂၅)ကောင်အင်ဂျင်(၁)လုံးပါ သစ်စက်ဆက်စပ်ပစ္စည်းများ၊ ချိန်းဆော(၃)လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, February 7, 2020 - 14:45