ဆောမြို့နယ်၊ ဆိပ်ဖြူ-ဆော-ကန်ပက်လက်သွားကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၆-၂-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆောမြို့နယ်၊ ဆိပ်ဖြူ-ဆော-ကန်ပက်လက်သွားကားလမ်း၊ မိုင်တိုင်အမှတ်(၅၆/၅)နှင့် (၅၆/၆)ကြား၊ ဆော(တောင်)နေရာ၌ မော်တော်ယာဉ်အမှတ်မပါ NISSAN Diesel (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုး/ထောက်ကြံ့/ယင်းမာခွဲသား (၃၉)ချောင်း (၇.၈၀၆၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, February 7, 2020 - 15:00