ပန်းတောင်းမြို့နယ်၊ ကြိုးပြင်ခုတ်ကွက်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၇-၂-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ကြိုးပြင်ခုတ်ကွက်(၁၂၄)၊ သနံချောင်းဖျားနေရာတွင် တရားမဝင်ပျဉ်းကတိုးခွဲသား (၄၇)ချောင်း (၇.၆၃၁၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, February 10, 2020 - 15:30