လယ်ဝေးမြို့နယ်၊ ရုံးပင်ကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၅-၂-၂၀၂၀ ရက်နေ့မှ ၆-၂-၂၀၂၀ ရက်နေ့ထိ နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ရုံးပင်ကြိုးဝိုင်းအကွက်အမှတ်(၄၅၊ ၆၈၊ ၇၇၊ ၈၀)အတွင်း တရားမဝင်ကျွန်း/ ပျဉ်းကတိုး/ပိုးမဲဇာ/တရော်/ဆိတ်ချေး/သံသေ/ဖျောက်ဆိပ်/သစ်ကုလား/ကြက်ရိုး/ချဉ်ယုတ်/ကညင်/ဇောင်းပလွေး/သစ်ဆိမ့်/လယ်ဇ/ထောကြံ့/သစ်မကျီး/နှော/ဘင်္ဂ/ရုံး/စစ်/ဒီးဒူး/ယင်းမာ/ဖက်သန်း/သင်းဝင်သစ်/ခွဲသား (၁၀၈၆)လုံး/ချောင်း (၈၃.၄၂၀၄)တန်၊ အင်ဂျင်(၇)လုံးနှင့် သစ်စက်ဆက်စပ်ပစ္စည်းများ၊ ဆိုင်ကယ်(၂)စီး၊ ချိန်းဆော(၆)လက်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, February 10, 2020 - 15:30