ကလေးဝမြို့နယ်၊ ရေဦး-ကလေးကားလမ်းမိုင်တိုင်အမှတ်(၁၀၁)မိုင်အနီးတွင် (တိမ်းမှောက်) မော်တော် ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၇-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ရေဦး-ကလေးကားလမ်းမိုင်တိုင်အမှတ်(၁၀၁)မိုင်အနီးနေရာ၌ တိမ်းမှောက်နေသော မော်တော်ယာဉ်အမှတ် (A/909) FUSO FISTER ယာဉ်ပေါ်မှ တရားမဝင်အင်ခွဲသား (၉၇)ချောင်း (၈.၄၈၄၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, February 11, 2020 - 10:45