မင်းလှမြို့နယ်၊ မလွန်ကပစ(၂)အနီး၊ မလွန်-မင်းလှကားလမ်းတွင် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၉-၂-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းလှမြို့နယ်၊ မလွန်ကပစ(၂)အနီး၊ မလွန်-မင်းလှကားလမ်း၊ မိုင်တိုင်အမှတ် (၆/၅)နေရာ၌ ကားယာဘက်နောက်ဘက်ဘီးပေါက်၍ ရပ်တန့်ထားသော မော်တော်ယာဉ် အမှတ် (6N/8129) TOYOTA HIACE ယာဉ်အား စစ်ဆေးရာ တရားမဝင်ပိတောက်ခွဲသား (၁၂)ချောင်း (၁.၈၃၆၀)တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, February 11, 2020 - 10:45