ရမည်းသင်းမြို့နယ်၊ နေပြည်တော်-မန္တလေး(အမြန်လမ်း)တွင် တရားမဝင်သစ်များဖမ်းဆီးရမိ

၇-၂-၂၀၂၀ ရက်နေ့ (၂၂:၁၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စစ်ဆေးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အမြန်လမ်းရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ နေပြည်တော်-မန္တလေး(အမြန်လမ်း)၊ မိုင်တိုင်အမှတ်(၂၅၉/၀)အနီးတွင် မော်တော်ယာဉ်အမှတ်(MDY 6F/4748) FAW (အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင်ထောက်ကြံ့/သန်း/ခူသန်/လိန်/ရုံး/တောင်မကျီး/ယင်းမာသစ် (၁၁၅)လုံး (၃.၁၃)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်ထားရှိပါသည်။

date: 
Tuesday, February 11, 2020 - 10:45