သာပေါင်းမြို့နယ်၊ သမင်ကုန်းကျေးရွာအုပ်စု၊ သရက်ကုန်းချောင်းတွင် စက်လှေ(၂)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၇-၂-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သာပေါင်းမြို့နယ်၊ သမင်ကုန်းကျေးရွာအုပ်စု၊ သရက်ကုန်းချောင်းတွင် တရားမဝင်တောင်သရက်ခွဲသား (၂၀၅)ချောင်း (၃၅.၅၀၈၅)တန်အား စက်လှေ(၂)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, February 11, 2020 - 10:45