ကျောက်မဲမြို့နယ်အတွင်း မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၇-၂-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်မှု/ကူမှ တပ်ဖွဲ့ဝင်များ၊ ခရိုင်မှု/နှိမ်မှတပ်ဖွဲ့ဝင်များ၊ စ.စ.စ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်မဲမြို့နယ်၊ ပင်တိန်အုပ်စု၊ ဇီးပင်ကျေးရွာအနီး၊ ပြည်ထောင်စုလမ်းမကြီး၊မိုင်တိုင်အမှတ်(၉၂/၁)နှင့်(၉၂/၂)ကြားနေရာနှင့်အိုရီယမ်တယ်တိုးဂိတ်အနီးနေရာတို့၌ မော်တော်ယာဉ်အမှတ်(MDY 9L/4966) (ခေါင်း-ခဲဖြူရောင်) ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(YGN 7I/8478) (ခေါင်း-နံ့သာရောင်း)ယာဉ်များပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၇၂၁)ချောင်း (၂၃.၃၅၈၈)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, February 11, 2020 - 11:00