တောင်ငူမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာအနီးတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၇-၂-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင် များ၊ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာ အနောက်တောင်ဘက် (၁)မိုင်ခန့်အကွာနေရာ၌ တရားမဝင်ကျွန်း/သင်္ဂဒူ/သစ်ကဇော်/ဒွနီသစ်(၈၃)လုံး (၁၁.၂၂၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, February 11, 2020 - 11:00