တောင်တွင်းကြီးမြို့နယ်၊ ဆင်ကျကျေးရွာအနီးတွင် တရားမဝင်သစ်စက်နှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၈-၂-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်တွင်းကြီးမြို့နယ်၊ ဆင်ကျကျေးရွာ၏ အရှေ့ဘက်(၂)မိုင်ခန့်အကွာ နေရာ၌ တရားမဝင်ပျဉ်းကတိုး/ထောက်ကြံ့/ကြို့/ဒီးဒူး/ချဉ်ယုတ်/အင်သစ်/ခွဲသား (၁၃၄)လုံး/ချောင်း (၉.၅၉၁၂)တန်၊ ဂျင်ဒေါင်း(၂၅)ကောင်အင်ဂျင်(၁)လုံးပါ သစ်စက်ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, February 11, 2020 - 11:00