အောင်လံမြို့နယ်၊ ထမကန်ကျေးရွာအနီး တွင် တရားမဝင်သစ်စက်နှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၈-၂-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောင်လံမြို့နယ်၊ ထမကန်ကျေးရွာ အရှေ့ဘက်(၄)မိုင်ခန့်အကွာနေရာ၌ လွှဝိုင်းမပါသစ်စက်(၁)လုံးနှင့် တရားမဝင်ကျွန်း/ပျဉ်းကတိုးခွဲသား (၃၇၃)ချောင်း (၂၇.၈၅၇၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး တရားမဝင်သစ်များအား သစ်ထုတ်လုပ်ရေး ရုံးဝန်းအတွင်း သယ်ယူပြီး လွှဲအပ်နိုင်ရေးနှင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, February 11, 2020 - 11:00