နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၉၉.၂၁၇၈)တန်၊ သစ်မာ(၁၅၁.၅၂၀၀)တန်၊ အခြား (၃၀၈.၀၇၆၆)တန်၊ စုစုပေါင်း(၆၅၈.၈၁၄၄)တန်၊ တရားခံ(၄၃)ဦး၊ ယာဉ်/ယန္တရား(၃၉)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၇-၂-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသ ကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းဘိနယ်၊ သမင်ကုန်းကျေးရွာအုပ်စု၊ သရက်ကုန်း ချောင်းအတွင်းမှ တရားမဝင် တောင်သရက်ခွဲသား (၂၀၅)ချောင်း (၃၅.၅၀၈၅)တန်၊ စက်လှေ (၂)စီးအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Thursday, February 13, 2020 - 12:00