ကန့်ဘလူမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၇-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သောအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာ၏ အနောက်ဘက်(၁)မိုင်ခန့်အကွာမှ တရားမဝင် ကျွန်း/အင်/နှောသစ်(၃၉)လုံး (၄.၉၂၈၀)တန်၊ လုံးပတ်၃ပေအောက် ကျွန်း/အင်သစ်(၁၆)လုံး (၀.၃၁၀၀)တန်နှင့်ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, February 13, 2020 - 12:45