ကျွန်းလှမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၇-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးဝင်း-၄ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ ပြောင်သွယ်ကြိုးဝိုင်းအကွက်အမှတ် (၉၂၊ ၉၃၊ ၉၄)နှင့် မိုင်းဝန်းကြိုးဝိုင်းအကွက်အမှတ် (၁၁၀)နေရာတို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/သစ်ယာ/ ထောက်ကြံ့/အင်ကြင်း သစ်/ခွဲသား (၃၃၈)လုံး/ချောင်း (၅၂.၈၃၆၄)တန်နှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, February 13, 2020 - 12:45