စဉ့်ကိုင်မြို့နယ်၊ အိုးထိန်းတောင်ကျေးရွာအနီးတွင် ပုဇဉ်းခေါင်းထော်လာဂျီ(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၉-၂-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စဉ့်ကိုင်မြို့နယ်၊ အိုးထိန်းတောင်ကျေးရွာ အနီးတွင် ပုဇဉ်းခေါင်းထော်လာဂျီ(အပြာရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၁၀၄)ချောင်း (၂.၀၅၅၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, February 13, 2020 - 12:45