မဘိမ်းမြို့နယ်၊ ရွှေလီမြစ်ကမ်းဘေးတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၉-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မဘိမ်းမြို့နယ်၊ ရွှေလီမြစ်ကမ်းဘေး၊ မယ်ဇလီပြန့်နေရာနှင့် ကွန်းချောင်းဆိပ်ကမ်းနေရာများ၌ တရားမဝင်ကျွန်းသစ်(၅၅)လုံး (၇.၂၇၈၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, February 13, 2020 - 13:00