လှည်းကူးမြို့နယ်၊ မင်းကုန်း-တောင်ထန်းမြောင်မြေသားလမ်းပေါ်တွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၀-၂-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် လှည်းကူးမြို့နယ်၊ မင်းကုန်း-တောင်ထန်းမြောင်မြေသားလမ်းပေါ်၊ မဟူရာကြိုးဝိုင်းအကွက်အမှတ်(၄၅)၊ ဒေသအခေါ် သုံးဆင်းသုံးတက်အောက်ဖက်နေရာ၌ မော်တော်ယာဉ် အမှတ်(b/4235) GMC (ခေါင်းစိမ်း)ယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုး/သဒီ/တောင်သင်္ဘော/ မျောက်ငို/ ထောက်ကြံ့/ဒီဒူးခွဲသား/ပကာ(၈၇)ချောင်း(၅.၈၉၅၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, February 13, 2020 - 13:00