မော်လိုက်မြို့နယ်၊ ဖုန်းသုန်းကြိုးဝိုင်း၊ မွန်းဖာချောင်းအတွင်း တရားမဝင်သစ်နှင့် နောက်တွဲယာဉ်များ ဖမ်းဆီးရမိ

၇-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် မော်လိုက်မြို့နယ်၊ ဖုန်းသုန်းကြိုးဝိုင်း၊ မွန်းဖာချောင်းအတွင်းမှ တရားမဝင် ကျွန်းသစ်(၆)လုံး (၉.၃၄၆၀)တန်၊ တာယာဘီးတပ်ထွန်စက်နောက်တွဲ(၄)စီး၊ တရုတ်အင်ဂျင် နံပါတ်မပါ/ ဘားတံမပါ(၁)လုံး၊ လက်ကိုင်စက်လွှ(၁)လက်တို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ပါသည်။

date: 
Thursday, February 13, 2020 - 13:00