ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါ-ပုလဲကားလမ်း၊ မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၁-၂-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဂန့်ဂေါမြို့နယ်၊ ကျောသစ်တောကင်းစခန်းအရှေ့၊ ဂန့်ဂေါ-ပုလဲကားလမ်း၊ မိုင်တိုင်အမှတ်(၇၂/၅)နေရာ၌ မော်တော်ယာဉ်အမှတ်(MDY 1M/4853) CANTER (ဖြူပြာကြား)(၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ပိတောက်/ပျဉ်းကတိုးခွဲသား (၁၀၉)ချောင်း (၂.၄၁၉၆)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, February 14, 2020 - 10:45