တမူးမြို့နယ်၊ တမူး-ကလေးကားလမ်းတွင် မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၂-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တမူးမြို့နယ်၊ တမူး-ကလေးကားလမ်း၊ ခမ်းပါတ်မြို့၊ ကမ္မကြီးကျေးရွာ၏ မြောက်ဘက်(၄)ဖာလုံခန့်အကွာနေရာ၌ မော်တော်ယာဉ်အမှတ်မပါ NISSAN DIESEL (အဝါရောင်)(၆)ဘီးယာဉ်နှင့် ထော်လာဂျီအပြာရောင်(၆)ဘီးယာဉ်များပေါ်မှတရားမဝင် ကညင်သစ်(၁၅)လုံး (၇.၈၅၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, February 14, 2020 - 10:45