ပန်းတောင်းမြို့နယ်၊ ပန်းတောင်း-တောင်ကုတ်ကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၁-၂-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ပန်းတောင်း-တောင်ကုတ်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၆/၆) (၁၆/၇)ကြားနေရာ၌ မော်တော်ယာဉ်အမှတ်(YGN 6C/2410)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၆၈)ချောင်း (၁၀.၁၄၆၈)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, February 14, 2020 - 10:45