မဘိမ်းမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၃-၂-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ နယ်မြေလုံခြုံရေးတပ်စု(၁)မှ တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ နမ့်ဟန်ကြိုးဝိုင်းအကွက်အမှတ်(၆)နှင့် မိုင်းသာကြိုးဝိုင်း အကွက်အမှတ်(၁)အတွင်းနေရာများ၌ တရားမဝင်ကျွန်းခွဲသား(၁၁၉၅)ချောင်း (၂၂.၂၅၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, February 17, 2020 - 14:45