မိုးမောက်မြို့နယ်၊ ကျောက်စခန်းပူးပေါင်း စစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၃-၂-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခလရ(၂၃၆)တပ်မှ ဗိုလ်အောင်မင်းဦးနှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမောက်မြို့နယ်၊ ကျောက်စခန်းပူးပေါင်း စစ်ဆေးရေးဂိတ်နေရာ၌ မော်တော်ယာဉ်အမှတ် (KCN 6A/3613) ဒေါင်ဖန်း(အပြာရောင်) ယာဉ်ပေါ်မှ တရားမဝင်ကျွန်း/ပိတောက်/တမလန်းခွဲသား (၃၁၄)ချောင်း (၅.၁၁၁၄)တန်နှင့် ပြောင်းဆန်အိတ်(၇၈)အိတ်တို့အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, February 17, 2020 - 14:45